ကိယာမတ်နေ့တွင် ပထမဦးဆုံး နမာဇ် နှင့်ပတ်သက်၍ စစ်ဆေးခြင်းခံရလိမ့်မည်။ နမာဇ် မှန်ကန်လျှင် အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး နမာဇ် မမှန်ကန်လျှင် အခိရတ်၏ စည်းစိမ်တော်များမှ လက်မဲ့ဖြစ်ပြီး ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရလိမ့်မည်။

Monday, August 24, 2009

ရိုဇာပျက်ခြင်း မပျက်ခြင်း ပညတ်ချက်များနှင့် ကသွာ၊ ကဖ့်ဖါရဟ် ထိုက်ခြင်း အကြောင်း

၁) ရိုဇာ စောင့်ထိန်းသူတစ်ဦးသည် မေ့လျော့၍ တစ်စုံတစ်ရာကို စားမိ၏. သို့မဟုတ် သောက်မိ၏ .. သို့မဟုတ် သံဝါသ ပြုမိလေ၏ .. ။ ထိုသူသည် ဗိုက်ဝအောင် စားသောက်မိသည်ဖြစ်စေ၊ ထိုသူ၏ ရိုဇာမပျက်ချေ။

၂) လူတစ်ယောက်သည် ရိုဇာ စောင့်ထိန်းသူတစ်ယောက် မေ့လျော့၍ စားသောက်နေသည်ကို တွေ့လိုက်သော၊ အကယ်၍ ထိုသူသည် ရိုဇာကြောင့် ပင်ပန်းနွယ်ခြင်းမရှိပဲ အင်အားပြည့်ဝနေသူဖြစ်လျှင် ထိုသူအား သတိပေးခြင်း ဝါဂျိဗ် ဖြစ်သည်။ အကယ်၍ ထိုသူသည်ရိုဇာကြောင့် ပင်ပန်းနွမ်းနယ်နေသူဖြစ်ပါက ထိုသူအာစားစေ၍ သတိပေးခြင်း မပြုရ။

၃) နေ့အချိန်အိပ်ပျော်သွားရာ အိမ်မက်မြင်မက်ခြင်းကြောင့် (အိပ်မက်ဆိုးမြင်မက်လျှင် - နောက်ပို့စ်တွင်ရှု) ရေချိုးထိုက်လာလျှင် ရိုဇာ မပျက်ချေ။

၎) ယောက်ျား နှင့် မိန်းမ အတူတူလဲလျောင်းခြင်း၊ လက်နှင့်ထိခြင်း၊ နမ်းရှိုက်ခြင်း အားလုံးပိုင်သည်။ သို့သော် ကာမစိတ်ထကာ ကာမစပ်ယှက်မမည်ကို စိုးရိမ်ရလျှင် ဤကဲ့သို့ မပြုထိုက်ပေ။ မက်ရူးဟ် ဖြစ်သည်။

၅) လည်ချောင်းထဲသို့ယင်ကောင်ဝင်သွားသည်.. သို့မဟုတ် အလိုအလျောက်မီးခိုးဝင်သွားသည်။ ထိုအခါ ရိုဇာ မပျက်ချေ။ အကယ်၍ တမင်တကာပြုလုပ်လျှင်မှု ရိုဇာ ပျက်လေသည်။ (ဆေးလိပ်သောက်ခြင်းနှင့်အတူတူ)

ဆေးတံကြီး သောက်လျှင်လည်း ရိုဇာပျက်သည်။ အခိုးအငွေ့မပါသော ရေမွှေး၊ ပန်း စသည်တို့ ရှုရှိုက်ခြင်း ပိုင်လေသည်။

၆) သွားများကြား၌ အသားမျှင် ကပ်ညှိနေသည်.. သို့မဟုတ် ကွမ်းသီး စိတ်ညှပ်နေသည်.. သို့မဟုတ် အစာတစ်ခုခု ကပ်နေသည်။ ထိုအရာကို သွားကြားထိုးတံဖြင့် ကော်ထုတ်ပြီး စားမိသည်။ ထိုအခါ ထိုပစ္စည်းသည် ကုလားပဲလုံးခန့် အရွယ်သာရှိခဲ့လျှင် ရိုဇာမပျက်၊ ထို အရွယ်ထက်ကြီးလျှင် ရိုဇာပျက်သည်။

၇) ရိုဇာ ၌ တံတွေးမျိုချလျှင် (မည်မျှများပြားစေကာမှု) ရိုဇာမပျက်ချေ။

၈) ညအချိန်တွင် ရေချိုးရန် တာဝန်ကျလေသည်။ သို့သော် ညတွင် ရေမချိုးပဲ မနက်ကျမှ ရေချိုးလိုက်သော်လည်း ရိုဇာမပျက်ချေ။ အကယ်၍ တစ်နေ့လုံး ရေမချိုးဖြစ်လျှင်လည်း ရိုဇာမပျက်။ သို့သော်ရေမချိုးပဲနေခြင်း၏ အပြစ်ဒဏ်မှာ သီးခြားဖြစ်သည်။

၉) ပါးစပ်၌ ကွမ်းငုံ၍ အိပ်ပျော်သွားပြီး နံနက်မိုးလင်းသောအခါ လန့်နိုးလျှင် ရိုဇာမမြှောက် .. ကသွာ ထားရမည်။ ကဖ့်ဖါရဟ် ဝါဂျိဗ် မထိုက်ချေ။

၁၀) ရိုဇာရှိကြောင်း သတိရလျက် ပါးလုပ်ကျင်းရာတွင် လည်ချောင်းထဲသို့ရေဝင်သွားလျှင် ရိုဇာပျက်သည်။ ကသွာထားရမည်။ ကဖ့်ဖါရဟ် ဝါဂျိဗ် မထိုက်ချေ။

၁၁) နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အလိုအလျောက်အန်လျှင် ရိုဇာမပျက်။ သို့သော် တမင်တကာ ပါးစပ်အပြည့်အန်လိုက်လျှင်မူ ရိုဇာပျက်သွားသည်။ ထိုထက်နည်းသော် တမင်တကာ အန်ထုတ်လိုက်လျှင်လည်း ရိုဇာမပျက်ချေ။ အနည်းငယ်မျှ အန်ထွက်လာပြီးနောက် တဖန်လည်ချောင်းထဲ ပြန်ဝင်သွားလျှင်လည်း ရိုဇာမပျက်။ တမင်တကာ မျိုချလိုက်လျှင်မူ ရိုဇာပျက်သွားသည်။

၁၂) အကယ်၍ ယောက်ျားက မေထုန်မှီဝဲခြင်း ပြုခဲ့လျှင် ရိုဇာပျက်သည်။ ကသွာ ထားရမည်။ ကဖ့်ဖါရဟ် လည်း ထိုက်သည်။

၁၃) ရိုဇာ ထားလျက် အမျိုးသမီးတို့သည် မိမိတို့၏ ရှေ့ဒွါရမှ ဆေးတစ်စုံတစ်ရာထည့်ခြင်း၊ သို့မဟုတ် ဆီစသည်တို့ထည့်ခြင်း မပိုင်ချေ။ ရိုဇာပျက်၍ကသွာထိုက်လေသည်။

၁၄) ပါးစပ်မှ သွေးထွက်လေရာ တံတွေးနှင့်ရောနှော၍ မျိုချလိုက်လျှင် ရိုဇာပျက်သွားသည်။ အကယ်၍ သွေး၏ ပမာဏသည် တံတွေးထက်နည်း၍ လည်ချောင်းထဲ၌ သွေး၏အရသာကိုမခံစားရလျှင် ရိုဇာမပျက်ချေ။

၁၅) ရိုဇာထားလျက် ဟင်းချက်ရာတွင် လျှာဖြင့် မြီးစမ်း၍ ထွေးပစ်လိုက်လျှင် ရိုဇာမပျက် ။ သို့သော် အကြောင်းမဲ့သက်သက်လုပ်လျှင်မူ မက်ရူးဟ် ဖြစ်လေသည်။

၁၆) ကလေးငယ်များကို မိမိ၏ပါးစပ်ဖြင့် တစ်စုံတစ်ရာဝါး၍ ကျွေးမွေးခြင်း မက်ရူးဟ်ဖြစ်သည်။ အကယ်၍ ဝါးကျွေးရန် အရေးအကြောင်းပေါ်က ဝါးကျွေးခြင်း ပိုင်သည်။

၁၇) မီးသွေးခဲ၊ သွားတိုက်ဆေး စသည်တို့ဖြင့် သွားတိုက်ခြင်း မပိုင်ချေ။ မက်ရူးဟ်ဖြစ်သည်။ သွားတိုက်နေစဉ် လည်ချောင်းအတွင်းသို့ အနည်းငယ်ဝင်သွားလျှင် ရိုဇာပျက်သည်။ တံပူဖြင့်သွားတိုက်ခြင်း ပိုင်သည်။

၁၈) တစ်စုံတစ်ယောက်သည် မေ့လျော့၍ အစားစားမိပြီး ငါတော့ ရိုဇာ ပျက်ပြီ ဟု ထင်မှတ်ကာ ထပ်စားလေသည်။ ထိုအခါ ရိုဇာပျက်သွားသည်။ ကသွာပြန်ထားရန် ဝါဂျိဗ်ဖြစ်သည်။ ကဖ့်ဖါရဟ် မထိုက်ချေ။

၁၉) ရမ်ဇာန် လ၍ တစ်ဦးတစ်ယောက်သည် ရိုဇာပျက်သွားသော်လည်း တစ်စုံတစ်ရာစားပိုင်ခွင့်မရှိ။ တစ်နေ့လုံးရိုဇာစောင့်ထိန်းသူကဲ့သို့နေခြင်း ဝါဂျိဗ် ဖြစ်သည်။

၂၀) တစ်ဦးတစ်ယောက်သည် ရမ်ဇာန်လ၌ ရိုဇာ ၏ နီယသ် လုံးဝမပြုခဲ့။ ထို့ကြောင့်စားသောက်၍ နေခဲ့သည်။ ထိုသူ့အပေါ် ကဖ့်ဖါရဟ် မထိုက်။ ရိုဇာ ၏ နီယသ် ပြုပြီးနောက် ရိုဇာဖျက်လိုက်မှသာ ကဖ့်ဖါရဟ် တာဝန်ချရန် ဝါဂျိဗ် ဖြစ်လေသည်။


ကဖ့်ဖါရဟ် = ရိုဇာကိုသိလျက်နှင့် ဖျက်ပစ်သောအခါ ထိုက်သောအပြစ်။ ကဖ့်ဖါရဟ် ထိုက်လျှင် ကျေးကျွန်တစ်ဦးကို သူကောင်းပြုရမည်။ မတတ်နိုင်ပါက နှစ်လတိတိ ရက်ဆက် ရိုဇာစောင့်ထိန်းရမည်။ ထိုသို့မစောင့်ထိန်းနိုင်ပါက သူဆင်းရဲ ၆၀ ကို တစ်ရက်စာ ထမင်းကျွေးမွေးရမည်။

ကသွာ = ရိုဇာကို သိလျက်နှင့်မဟုတ်ပဲ မေ့၍ စားသောက်မိသော အခါ ထိုက်သော အပြစ်။ ကသွာပြုရန်တာဝန်ကျလျှင် ပျက်သွားသောရက်အစား တစ်ရက် ပြန် အစားထိုးစောင့်ရမည်။

0 comments: