ကိယာမတ်နေ့တွင် ပထမဦးဆုံး နမာဇ် နှင့်ပတ်သက်၍ စစ်ဆေးခြင်းခံရလိမ့်မည်။ နမာဇ် မှန်ကန်လျှင် အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး နမာဇ် မမှန်ကန်လျှင် အခိရတ်၏ စည်းစိမ်တော်များမှ လက်မဲ့ဖြစ်ပြီး ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရလိမ့်မည်။

Tuesday, November 27, 2007

20 most common questions about Islam

ဘာသာရေး အကြောင်း ရေးတာဆိုတော့ မျက်ခုံးတော့ ခပ်လှုပ်လှုပ်ဘဲ။ ကျမက Islamic scholar မဟုတ်ပါဘူး။ ကိုယ်သိထားတာ၊ ဖတ်မိတာလေးတွေကို အစ္စလာမ်ကို စိတ်ဝင်စားတဲ့သူ၊ လေ့လာနေတဲ့သူတွေကို မျှဝေပေးချင်တာ ရယ်၊ နောက် ညီမလေး ၀င်္ကဘာနဲ့ သိပြီး winkabarIslamic ကို invite လုပ်ရာကနေ ရေးဖြစ်သွားတာပါ။ ကျမလဲ လေ့လာနေဆဲ သင်ယူနေဆဲပါ။




အပေါ်ကပုံက ကျမ မကြာသေးခင်က ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်ပါ။ Dr. Zakir Abdul-Karim Naik (Dr. Zakir Naik လို့ လူသိများပါတယ်။) ရေးတဲ့ 20 Most Common Questions about Islam ဆိုတဲ့ စာအုပ်က အစ္စလာမ်နဲ့ ပါတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းက လူတွေ အယူအဆ ကွဲလွဲနေကြတဲ့၊ အဓိကျတဲ့ မေးခွန်း ၂၀ ခုကို တိုတိုနဲ့ လိုရင်းရောက်အောင် ရှင်းလင်းထားပေးပါတယ်။ ဒီစာအုပ်ရဲ့ မြန်မာ ဘာသာပြန်လည်း ထွက်ပြီလို့ သိရပါတယ်။ ဒါပေမယ့် ကျမတော့ မဖတ်ရသေးဘူး။ အစ္စလာမ် ဘာသာကို လေ့လာလိုသူတွေသာမက အစ္စလာမ် ဘာသာဝင်တိုင်းပါ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် အဖြစ် တိုက်တွန်း လိုပါတယ်။

စာအုပ်ရဲ့ content ကို မသွားခင် စာရေးဆရာ Dr. Zakir Naik အကြောင်း နည်းနည်း ရေးချင်ပါတယ်။ သူက အိန္ဒိယ လူမျိုး ဆရာဝန် တစ်ယောက်ပါ။ ၁၉၆၅ မှာ မွေးတာဆိုတော့ အခု အသက် ၄၂ နှစ်လောက် ဘဲ ရှိသေးတယ်။ အိန္ဒိယနိုင်ငံ မွန်ဘိုင်း (ဘုံဘေ) မြို့မှာ Islamic Research Foundation ကို စတင် တည်ထောင်ခဲ့ပါတယ်။ သူဟာ တရားဟောကြားတဲ့ အလုပ်ကို အချိန်ပြည့် လုပ်လိုတဲ့အတွက် ဆရာဝန်အလုပ်ကို စွန့်လွှတ်ခဲ့တယ်။ ကုရအာန်ကျမ်းစာကိုသာမက အခြား ကျမ်းစာတွေကိုပါ လေ့လာထားတဲ့အတွက် တရားဟောတဲ့အခါမှာ အချက်ကျကျ ထောက်ပြနိုင်တယ်။ တရားပွဲတွေမှာ ပရိတ်သတ်တွေရဲ့ မေးခွန်းတွေကို ရှင်းလင်း တိကျ မှန်ကန်တဲ့ အဖြေတွေကို ပေးနိုင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းမှာ အထူးလေးစားခြင်းကို ခံရပါတယ်။ U.S.A, UK, Saudi Arabia, U.A.E, South Africa, Malaysia, Singapore စတဲ့ နိုင်ငံတွေက ဖိတ်ခေါ်တဲ့အတွက် lecture များ သင်ကြားပေးခဲ့ပါတယ်။ Dr. Zakir Naik ရဲ့ ဘာသာရေး ဟောပြောပွဲ (speech) တစ်ချို့ ကို www.irf.net ကနေ download လုပ်ပြီး နားထောင်နိုင်ပါတယ်။

စာအုပ်ထဲမှာပါတဲ့ မေးခွန်းတွေကတော့
1. Polygamy (မိန်းမ တစ်ဦးထက် ပိုယူခြင်းကို ဘာကြောင့် အစ္စလာမ်က ခွင့်ပြုထားတာလဲ။)
2. Polyandry (ယောကျာ်း တစ်ဦးထက် ပိုယူခြင်းကို တားမြစ်ထားခြင်း)
3. Hijab for Women (မွတ်စလင်မ် အမျိုးသမီးများ ဧ။် ၀တ်စား ဆင်ယင်မှု)
4. Was Islam spread by the sword? (အစ္စလာမ်ဘာသာကို လက်နက်အားကိုဖြင့် ၀ါဒဖြန့်ခဲ့သည်လား?)
5. Are Muslims fundamentalists or Terrorists? (မွတ်စလင်မ်တွေဟာ အခြေခံကျကျတွေးခေါ်ရှင်တွေလား၊ ဒါမှမဟုတ် အကြမ်းဖက် သမားတွေလား။)
6. Eating non-vegetarian food (သတ်သတ်လွတ်စားခြင်းအပေါ် အစ္စလာမ်ဧ။်အမြင်)
7. Why does the Islamic method of slaughtering animals appear ruthless? (အစ္စလာမ်ဘာသာက ပြဌာန်းထားတဲ့ သားသတ်ခြင်းနည်းလမ်းက ဘာကြောင့် သနားညှာတာမှု ကင်းမဲ့သလို ဖြစ်နေရသလဲ။)
8. Non-vegetarian food makes Muslims violent? (သတ်သတ်လွတ် မစားခြင်းက မွတ်စလင်မ်တွေကို ရိုင်းစိုင်းကြမ်းတမ်းစေတာလား။)
9. Do Muslims worship the Kaaba? (မွတ်စလင်မ်တွေက ကာဗာကျောင်းတော်ကို ကိုးကွယ်ကြတာလား။)
10. Why are non-Muslims not allowed in Makkah? (ဘာကြောင့် အစ္စလာမ် ဘာသာဝင် မဟုတ်သူတွေကို မက္ကာမြို့တွင်းသို့ ၀င်ရောက်ခွင့် မပေးရတာလဲ။)
11. Why pork is forbidden? (ဘာကြောင့် ၀က်သားစားခြင်းကို တားမြစ်ထားတာလဲ။)
12. Prohibition of alcohol. (ဘာကြောင့် အရက်သေစာ သောက်စားခြင်းကို တားမြစ်ထားတာလဲ။)
13. Is the Qur’an Satan’s handiwork? (ကုရအာန်ကျမ်းစာဟာ စေတန်နတ်ဆိုးရဲ့ ဖန်တီးမှုတွေလား။)
14. Equality of witnesses (မျက်မြင်သက်သေများနှင့် ပါတ်သက်၍)
15. Inheritance (အမွေဆက်ခံခြင်း - ဘာကြောင့် အမျိုးသမီးတွေရသင့်တဲ့ အမွေက အမျိုးသားတွေရသင့်တာရဲ့ တစ်ဝက်ဘဲ ဖြစ်ရတာလဲ။)
16. Hereafter – Life after death (သေပြီးနောက် တမလွန်ဘ၀)
17. Why are Muslims divided into sects/different schools of thought? (မွတ်စလင်မ်တွေက ဘာကြောင့် အတွေးအခေါ်မတူညီတဲ့ အဖွဲ့တွေအဖြစ် ကွဲနေကြတာလဲ။)
18. All religions teach men to be righteous, then why follow only Islam? (ဘာသာတရားတိုင်းက လူသားတွေကို လမ်းမှန်ရောက်အောင် ညွှန်ကြားနေတာဘဲ။ ဘာကြောင့် အစ္စလာမ်ကိုဘဲ လက်ခံရမှာလဲ။)
19. Vast difference between Islam and the actual practice of Muslims (အစ္စလာမ်ဘာသာဟာ အစစ်မှန်ဆုံး လမ်းစဉ်လို့ပြောရင် ဘာကြောင့် လိမ်လည်ကောက်ကျစ်တဲ့၊ ကြမ်းတမ်းရိုင်းစိုင်းတဲ့ မွတ်စလင်မ်တွေ အများကြီး ရှိနေရသေးတာလဲ။)
20. Non-Muslims referred to as “Kafirs” (အစ္စလာမ်ဘာသာဝင် မဟုတ်သောသူများကို Kafir ဟု ခေါ်ခြင်းနှင့် ပါတ်သက်၍)

မေးခွန်းတွေကို တိုက်ရိုက် ဘာသာပြန်တဲ့ သဘော မဟုတ်ဘဲနဲ့ နားလည်သလောက် မှီငြမ်းပြီး ရေးသွားပါမယ်။ ဘာသာရေး ကျမ်းပြုစုနေတာ၊ တရားဟောနေတာ မဟုတ်တဲ့အတွက် ကျမရဲ့ စာလုံး အသုံးအနှုန်းတွေဟာ အရမ်းတော့ လေးနက်မှု ရှိမှာ မဟုတ်ဘူးဆိုတာ ကြိုပြောချင်ပါတယ်။ အကယ်လို့ ကျမရဲ့ မြန်မာစာ အားနည်းမှုကြောင့်ဖြစ်ဖြစ် ကျမရဲ့ နားလည်မှု လွဲမှားလို့ဘဲဖြစ်ဖြစ် အမှားများပါခဲ့ရင် ဝေဖန်ထောက်ပြပေးကြပါနော်။

Tuesday, October 16, 2007

ရမ်ဇာန်ပြီးရင် ....

အစ်နေ့ပြီးလို့(၃)ရက်နေရင် ရိုဇာ (၆) ရက်ဆက်ထားလို့ရတယ်။
အဲလိုထားရင် တစ်နှစ်လုံး ဥပုသ်စောင့်တဲ့ကုသိုလ်ရတယ်တဲ့။
အစ်နေ့ပြီးရင်တော့ ရိုဇာထားဖို့တော့ပျင်းပြီ။ ဟုတ်တော့ဟုတ်တယ်။
ဒါပေမဲ့တစ်နှစ်လုံးစာ စောင့်တဲ့အကျိုးရမှာဆိုတော့မဆိုးဘူး။
အရင်နှစ်တွေတုန်းကတော့ထားဖြစ်တယ်။ ဒီနှစ်တော့ရမယ်မထင်ဘူး။
မအားလို့လေ။ အားပြီးအခြေအနေပေးတဲ့သူတွေကိုတော့
ရိုဇာထားဖို့တိုက်တွန်းချင်တယ်။ အချိန်ကဒီအတိုင်းနေရင်ဒီအတိုင်းကုန်သွားမှာပဲလေ။
ရတဲ့အချိန်လေးမှာအကျိုးရှိတာလေးကိုလုပ်
စေချင်ပါတယ်။ (၆) ရက်ထပ်ပြီးရိုဇာထားဖို့ တိုက်တွန်းလိုက်ပါတယ်။


**** အားလုံးအဆင်ပြေပါစေ ****

Thursday, September 13, 2007

သရာဝီ ( تراويح) ဖတ်နည်း

အားလုံးသိကြတဲ့အတိုင်း ရမ်ဇာန်လ ဟာဒီနေ့စတင်ပါပြီ။
ရမ်ဇာန်လ စပြီဆိုတာနဲ့ သရာဘီ ကိုစဖတ်ရပါပြီ။
သရာဝီ ဆိုတာ ရမ်ဇာန်လ မှာဘဲဖတ်ရတဲ့နမာဇ်၊ အလွန်မွန်မြတ်တဲ့နမာဇ်၊ ကသွာဖြည့်လို့မရတဲ့နမာဇ်ပါ။
စုစုပေါင်း က ရကသ် (၂၀) ရှိပါတယ်။ စွလသ်(၂) ရကသ် ကို(၁၀) ခေါက်ဖတ်ရတာပါ။
ဖတ်ပုံဖတ်နည်းကတော့ပုံမှန်ပါပဲ။

အိရှာမဖတ်ခင်ဖတ်ရမှာပါ။ ဝေသရ်(၃)ရကသ်မတိုင်ခင်ပေါ့

နီယသ်ကတော့ "န၀ိုင်းသိုအန်းအိုစွလ်းလိရလ်
လလ်းလားဟိသအားလ ရကအသိုင်းနီ စွလာသိလ် သရာဘ
ီ စွန်းနသ ရစူးလွလ်းလားဟိသအားလ မိသ၀သ်းဂျေဟန်း
အေလာဂျေဟသလ်း ကအာပသေလ်း ရှရီးဖတိ အလာဟိုအက်ဘလ်း
" ပါ။

ကျန်တာတွေကတော့အားလုံးအတူတူပါပဲ။ နမာဇ်ဖတ်ရတာမှတ်ရတာလွယ်ချင်ရင်တော့ " အလလ်းဟမ်းဒို" ပြီးရင်စူရဟ် (၁၀) ပုဒ်ကိုအစဉ်လိုက်ဖတ်ပါ။ ပထမရကသ်မှာ " အလမ်းသရ" ၊ ဒုတိယ ရကသ်မှာ "လိအီးလားဖိ" ၊ တတိယ ရကသ်မှာ "အရအိုလ်းသလ်း"
စသည်ဖြင့်ပေါ့။ ဆုံးသွားရင် ( ၁၁) ရကသ် ရောက်ပြီပေါ့။
အဲဒီရောက်ရင် " အလမ်းသရ" ကပြန်စပြီးအစဉ်လိုက်ပြန်ဖတ်သွားလိုက်။ စုရဟ် အားလုံး နှစ်ကျော့ပြီးသွားရင် ရကသ် (၂၀)ပြီးပြီပေါ့။

အားလုံးပဲ ရမ်ဇာန်လ မှာကျန်းကျန်းမာမာနဲ့ ရိုဇာထားနိုင်ပြီးကောင်းမှုကုသိုလ်များများလုပ်နိုင်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။


Technorati Tags: ,

Thursday, August 30, 2007

နှုတ်ခွန်းဆက်သခြင်း

အားလုံးပဲမင်္ဂလာပါ။
ဤဆိုက်သည်မူစလင်အားလုံးအတွက်ရည်ရွယ်၍ပြုလုပ်ထားသောဆိုက်ဖြစ်သည်။
အစ္စလာမ်ဘာသာနှင့်ပတ်သက်၍လက်လမ်းမှီသမျှအားလုံးကိုတင်ပြသွားမည်ဖြစ်သည်။
နေ့ကြီးရက်ကြီးနှင့်ပတ်သက်၍လည်းတတ်နိုင်သလောက်
ကြေညာပေးမည်။
ထိုနေ့များတွင်မည်သည်ကိုဖတ်ရွတ်ရမည်များကိုလည်းတတ်နိုင်သမ
ျှ
ထည့်သွင်း၍ရေးသားသွားပါမည်။
နိုင်ငံရပ်ခြားတွင်နေထိုင်သူများအတွက်ပိုမို၍အသုံးကျလိမ့်မည်ဟုထင်ပါသည်။
အားလုံးကိုကြိုဆိုပါတယ်။