ကိယာမတ်နေ့တွင် ပထမဦးဆုံး နမာဇ် နှင့်ပတ်သက်၍ စစ်ဆေးခြင်းခံရလိမ့်မည်။ နမာဇ် မှန်ကန်လျှင် အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး နမာဇ် မမှန်ကန်လျှင် အခိရတ်၏ စည်းစိမ်တော်များမှ လက်မဲ့ဖြစ်ပြီး ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရလိမ့်မည်။

Tuesday, July 6, 2010

From sin …. To better

အင်္ကျီအဝတ်အစားများ ညစ်ပတ်တဲ့အခါ ဆပ်ပြာနဲ့ လျှော်ဖွပ်ရသလို.. လူတစ်ယောက်ရဲ့ စိတ်ဓာတ်တွေ ညစ်ညမ်းလာတဲ့အခါ ( အပြစ်များနှင့်) မှာလည်း ဘာသာတရားနဲ့ သန့်စင်ပေးရပါတယ်။
I love ALLAH fan page မှ Become a better Muslim project ကိုမှီးငြမ်း၍ ဘာသာပြန်ထားပါသည်။

Project Checklist : http://www.iloveallaah.com/project/bbm_checklist.pdf


လူတစ်ယောက်အတွက် လူ့ဘဝမှာ နေဖို့ သက်တမ်း ဘယ်လောက်ရှိနိုင်မလဲ။ ၂၀၊ ၄၀၊ ၆၀၊ ၈၀ …… ။ အဲလို နေထိုင်တဲ့သက်တမ်းတစ်လျှောက် ပြုလုပ်ခဲ့တဲ့ အပြစ်တွေကကော… စိတ်နဲ့ဖြစ်စေ၊ အမူအရာ အပြောအဆိုနဲ့ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ လူကွယ်ရာမှာဖြစ်စေ………. သေချာတာကတော့ ပြစ်မှုတွေဟာ သက်တမ်းနှင့်အမျှ ကြီးမားနေမှာပါပဲ။ ဒီလိုပြစ်မှုတွေ ကျူးလွန်းနေခဲ့ပေမယ့် အဲဒီအပြစ်တွေအတွက် သောင်ဗဟ် လုပ်ဖို့ကိုကော သတိထားမိခဲ့လား.။

Allaah says: "O you who believe! Turn to Allaah in sincere repentance!" [Surah At-Tahreem: 8]

တစ်စုံတစ်ရာ ကျူးလွန်းမိတဲ့အခါမှာ သောင်ဗဟ်ဖတ်ဖို့ ဝန်မလေးပါနဲ့၊ အဓိက က အချိန်မဆွဲပါနဲ့။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ ကြိုမပြောနိုင်ဘူး မဟုတ်လား။ အလ္လာဟ်အရှင်မြတ်ထံမှာ ကျူးလွန်မိခဲ့တဲ့ အပြစ်များအတွက် ယခုချက်ချင်းသာ သောင်ဗဟ်ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ .. Brothers and Sisters all over the world.

Friday, September 18, 2009

အီးဒ်နေ့ နှင့် စွန္နတ်ကျင့်စဉ်များ

အီးဒ်နေ့ရဲ့ စွန္နတ်တော်များကို မျှဝေလိုက်ပါတယ်။

  • မနက်စောစော (ဖဂျရ်မတိုင်ခင်) စောစောထပါ။
  • အ၀တ်အစား၊ဖိနပ်စသည့်တို့ကို သေသေချာချာပြင်ဆင်ပါ။
  • ဖဂျရ်ဖတ်ပြီး အချိန်အနည်းငယ်ကြာတဲ့ အချိန်မှာ ရေချိုးချလိုက်ပါ။
  • သွားတိုက်ပြီး ခံတွင်းနဲ့ ကင်းရှင်းအောင်ထားပါ။
  • အ၀တ်အစားအသစ်ကို ဝတ်ဆင်ပါ။ အကယ်လို့ အဝတ်အစားအသစ်ဝတ်ရင် အခြေအနေမပေးခဲ့သော်.. ရှိတဲ့ အဟောင်းတွေထဲက အကောင်းဆုံး အ၀တ်အထည်ကိုရွေးဝတ်ပါ။
  • ရေမွှေးဆွတ်ဖြန်းပေးပါ။ (အမျိုးသားများသာ)
  • အိဒ်ဒွလ်ဖသ်ရာမှာ အိဒ်နမာဇ်မဖတ်ခင် မနက်စာစားသွားလိုက်ပါ။ အိဒွလ်အသွာဟာ ဆိုရင်တော့ အိဒ်နမာဇ်ဖတ်ပြီး (သို့) သားကောင်လှီးပြီးမှစားပါ။
  • ဇကားဒ်နဲ့ ဖသ်ရဟ်များ မပေးရသေးသော .. အိဒ်နမာဇ်မဖတ်မှီ အမြန်ဆုံးပေးပါ။
  • အိဒ်ဂါ (သို့) ဗလီသို့ စောစီးစွာသွားပါ။
  • အိဒ်နမာဇ်ကို အကယ်လို့ ရာသီဥတု (သို့) အခြားအကြောင်းတစ်စုံတစ်ရာရှိမနေပါက .. အိဒ်ဂါ ကွင်းပြင်တွင် လူစုလူဝေးဖြင့်ဖတ်သင့်ပါသည်။
  • အိဒ်နမာဇ်ဖတ်ဖို့/ဖတ်ပြီး သွားရာတွင် အသွားတစ်လမ်း .. အပြန်တစ်လမ်းသွားပါ။
  • အောက်ဖော်ပြပါ သက်ဗီးရ်ကို အိဒ်နမာဇ်မဖတ်ခင် အချိန်ထိ ရွတ်ဖတ်ပါ။

Allaho-Akber, Allaho-Akber. La ila-ha ill-lal-lah. Allaho-Akber, Allaho-Akber. Wa-lilahill hamd.
(Allah is great, Allah is great. There is no god but Allah. Allah is great, Allah is great. And all praises are for Allah).

အီးဒ် ဆန်းသစ်သောနေ့သို့ (pdf စာအုပ်ပါ .. မူရင်းလင့်အတိုင်းပြန်တင်ထားသည်)

cred it to >> ဝိဉာဉ်သစ်

>> http://mmstudentyouth.ning.com/


Wednesday, September 9, 2009

E-Books

t=1251958600_19379967-Itikaf

download links:


ဖဇာအေလေ ရမ်ဇာန်
ကုရ်အာန်ကျမ်းမြတ် (မြန်မာဘာသာဖြင့်) ၁
ကုရ်အာန်ကျမ်းမြတ် (မြန်မာဘာသာဖြင့်) ၂
အေ့သိကာဖ်
ကလေမာ ၇ ပုဒ်

credit to:
MMSY
Quran in various languages
အစ္စလာမ် ဘာသာရေးသင်ခန်းစာ

Tuesday, September 1, 2009

နေ့အလိုက် သရာဝီဟ် နမာဇ် ပြုခြင်း၏ အကျိုးကျေးဇူးများ

 *ဟဇ်ရသ် အလီ (ရသွေ့) ဆင့်ပြန်သည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် မဟာတမန်တော်မြတ် (ဆွ) ထံ ရမ်ဇာန်လမြတ်၌ သရာဝီဟ်နမာဇ်ဝတ်ပြုခြင်း၏အကျိုးကျေးဇူးနှင့်ပတ်သက်၍
လာရောက်မေးမြန်းမှုကို မိန့်ကြားတော်မူသည်မှာ…. 'အကြင်သူသည် လမြတ်ရမ်ဇာန်၌ သရာဝီဟ်နမာဇ်ဝတ်ပြုပါက မိခင်ဝမ်းကြပ်အတွင်းမှ မွေးဖွားသန့်စင်လာသော ကလေးပမာ
အပြစ်ဂုနဟ်အပေါင်းမှ ကင်းစင်သွားမည်။*


၁။ တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မိခင်ဝမ်းကြပ်အတွင်းမှ မွေးဖွားသန့်စင်လာသကဲ့သို့ အပြစ် (ဂုနဟ်) အပေါင်းမှကင်းစင်တော်မူလိမ့်မည်။
၂။ နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်းနှင့်တကွမိဘနှစ်ပါးလုံး (အီမာန်ရှင်) ဖြစ်ပါက အပြစ် (ဂုနဟ်) အပေါင်းမှ ချမ်းသာလွတ်ငြိမ်းခွင့်ရရှိလိမ့်မည်။
၃။ သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏ (အရ်ရှ်) ပလ္လင်တော်အောက်မှ ကောင်းကင်တမန်တစ်ပါး ကြွေးကြော်မည်မှာ "အို-အီမာန်ရှင် သင်ရဲ့
(အအ်မာလ်)ကို အလ္လာဟ်အရှင်မြတ်အတွက်သာပြုကျင့်ပါမူ သင်၏ ယခင်မကောင်းမှုများအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူလိမ့်မည်။
၎။ လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကောင်းကင်ကျကျမ်းကြီးများဖြစ်သော (၁)သောင်ရားသ်ကျမ်း (၂) အင်န်ဂျီလ်ကျမ်း (၃) ဇဗူရ်ကျမ်း (၄) ကျမ်းတော်မြတ်ကုရ်အာန်ကျမ်းများကို

သိလာဝသ်ပြုသကဲ့သို့ အကျိုးကျေးဇူးတော်များ ရရှိပေမည်။
၅။ ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မတ်စ်ဂျိဒေဟရာမ် နှင့် မတ်စ်ဂျိဒေအက္ကဆွာဗလီဝတ်ကျောင်းတော်ကြီးများ၌ နမာဇ်ဝတ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။
၆။ ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဗိုင်သွလ်မအ်မူးရ်ကျောင်းတော်ကြီးကို သ၀ါးဖ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။
၇။ ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် တမန်တော်မူစာ (အလိုင်း) နှင့် ဖိရ်အောင်န်၊ ဟာမန်တို့ စစ်ဖြစ်ပွားချိန် တမန်တော်မူစာ (အလိုင်း)၏ ဘက်မှ ပါဝင်ကူညီသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။
၈။ ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်က တမန်တော် အိဗ်ရာဟီးမ် ခလီလွလ္လာဟ်အား ချီးမြှင့်မှုမျိုးကို ချီးမြှင့်ခြင်းခံရပေမည်။
၉။ ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိုယ်တော်မြတ် (ဆွ)သခင်၏ သက်တမ်းတော်နှင့်အညီအမျှ ကုသိုလ်အကျိုးစ၀ါးဗ်များ ချီးမြှင့်ခြင်းခံရပေမည်။
၁၀။ ဆယ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် လောကတစ်ခွင်လုံးထက်သာ ပို၍ကောင်းမြတ်သောအရာကို ချီးမြှင့်ခြင်းခံရပေမည်။
၁၁။ ဆယ့်တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် စစ်မှန်သောမုအ်မင်န်ဖြစ်ပါက လောကမှ အီမာန်နှင့်တကွ ခေါ်ယူသော အဆင့်အတန်းမျိုးရရှိပေမည်။
၁၂။ ဆယ့်နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့တွင် ၎င်းသူ၏မျက်နှာမှာ လပြည့်ဝန်းပမာ လင်းဝင်းတောက်ပသော အဆင့်အတန်းမျိုးရရှိပေမည်။
၁၃။ ဆယ့်သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့တွင် မကောင်းမှုအပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရပေမည်။
၁၄။ ဆယ့်လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့ ၌ ထိုသူအား ၎င်းသရာဝီဟ်နမာဇ်ကပင် သက်သေခံတော်မူပေမည်။

ထို့ကြောင့် ၎င်းသူအား စစ်ဆေးမေးမြန်းခြင်းမရှိ ဂျန္နတ်သုခဘုံသို့ ၀င်ရောက်ရပေမည်။
၁၅။ ဆယ့်ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်ကို ထမ်းထားသော ဖရိရှ်သဟ်များသည် ၎င်းသူအတွက် အရှင်မြတ်ထံတော်ပါး၌
ရဟ်မသ်တော်များ တောင်းခံပေးသနားတော်မူပေမည်။
၁၆။ ဆယ့်ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျဟန္နမ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး ဂျန္နတ်သုခဘုံအတွင်းသို့ ၀င်ရောက်စေတော်မူပေမည်။
၁၇။ ဆယ့်ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အမ်ဗေရာ (အလိုင်း)များ၏ အဆင့်အတန်းမျိုးရရှိပေမည်။
၁၈။ ဆယ့်ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် သင်နှင့် သင်၏မိဘနှစ်ပါးစလုံးကို အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူပေမည်။
၁၉။ ဆယ့်ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်တွင် ၎င်းရရှိသောအဆင့်အတန်းထက်သာပို၍ တိုးမြှင့်ပေးခြင်းခံရပေမည်။
၂၀။ နှစ်ဆယ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် "ရှဟီဒီ" သာသနာ့သူရဲကောင်း "ဆွာလေဟီးန်" သူမွန်သူမြတ်များကဲ့သို့ ကုသိုလ်ချီးမြှင့်ခြင်းခံရပေမည်။
၂၁။ နှစ်ဆယ့်တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်သုခဘုံတွင် ၎င်းသူအတွက် "နူရ်" အလင်းရောင်ဖြင့်ပြုလုပ်ထားသော ဂေဟာတစ်ခု ချီးမြှင့်ခြင်းခံရပေမည်။
၂၂။ နှစ်ဆယ့်နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်ကမ္ဘာ့တစ်ရားခွင်နေ့တွင် ၎င်းအား သောကအပေါင်း စိုးရိမ်မှုအပေါင်းမှ
ကင်းဝေးစေတော်မူပေမည်။
၂၃။ နှစ်ဆယ့်သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်သုခဘုံတော်အတွင်း မြို့ကြီးတစ်မြို့ ချီးမြှင့်ခြင်းခံရပေမည်။
၂၄။ နှစ်ဆယ့်လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် (၂၄)မျိုးသော တောင်းဆုများကို ကဗူလ်ပြု လက်ခံတော်မူပေမည်။
၂၅။ နှစ်ဆယ့်ငါ်းရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် "ကဗရ်" အဇားဗ်ပြစ်ဒဏ်အပေါင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းခံရပေမည်။
၂၆။ နှစ်ဆယ့်ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်း၏သက်တမ်းအပြင် နှစ်ပေါင်းလေးဆယ်သာပို ၍ အကျိုးစ၀ါးဗ် ချီးမြှင့်ခြင်းခံရပေမည်။
၂၇။ နှစ်ဆယ့်ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူအား "ပွလ်ဆွေရားသ်" တံတားပေါ်မှ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်း ဖြတ်သန်းခွင့်ပြုခြင်းခံရပေမည်။
၂၈။ နှစ်ဆယ့်ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်ဥယျာဉ်တော်တွင် ထပ်ဆင့်တိုးမြှင့်တော်မူခြင်းခံရပေမည်။
၂၉။ နှစ်ဆယ့်ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်
ကဗူလ်ပြုလက်ခံတော်မူသော ဟဂ်ျအကြိမ်ထောင်ပေါင်းများစွာပြုသကဲ့သို့ အကျိုးကျေးဇူးတော်များရရှိပေမည်။
၃၀။ သုံးဆယ်ရက်ညမြောက်၌ သရာဝီဟ်နမာဇ်မပျက်မကွက်ဝတ်ပြုသူအား အရှင်မြတ်မိန့်တော်မူမည်မှာ "အို-ငါအရှင့်ဗန္ဒဟ်၊ သင် ဂျန္နတ်သုခဘုံအတွင်းမှ

မည်သည့်သစ်သီးဝလံမျိုးကိုမဆို စားသုံးလော့၊ စလ်စဗီးလ်ရေဖြင့် ရေချိုးလော့၊ ကောင်စရ်ရေကို သောက်သုံးလော့၊ သင်၏အရှင်သခင်သည်
ငါအရှင်မြတ်သာလျှင်ဖြစ်တော်မူသည်။ သင်သည် ငါ၏ဗန္ဒဟ်ကျေးကျွန်ဖြစ်သည်။

မူစလင်မ်အပေါင်းတို့အတွက် အလွန်အရေးကြီးပါသည်။ လမြတ်ရမ်ဇာန်မှာ (သရာဝီဟ်)
နမားဇ်ကို စွဲမြဲစွာဖတ်ကြပါ။ ဘယ်သောအခါမှ ပျင်းရိ၍ မစွန့်လွှတ်သင့်ပေ။
မကောင်းမှုလုပ်ရပ်များကို စွန့်လွှတ်ပြီး အရှင်မြတ် နှစ်သက်တော်မူသောအရာများကို
ပြုလုပ်ဆောက်တည်နိုင်စွမ်းပေးသနားတော်မူပါစေ။


ဤစာကို
ဝင်ရောက်ဖတ်ရှုသောသူအားလုံးသရာဝီဟ်နမာဇ်ကိုအပြည့်အ၀၀တ်ပြုနိုင်စွမ်းပေးသနားတော်မူပါစေ။
( အာမီန်း )
ဒိုအာလိုလားသူ
အဗ်ဒွလ်ဂဖ္ဖါးရ်

* Forward mail တစ်ခုမှရသည်ကို ပြန်တင်ထားပါသည် *

Monday, August 31, 2009

ဝူဇူ နှင့် ဂူဆွလ် ပြုလုပ်နည်းများ

ဝူဇူလုပ်နည်း

၁) လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိ ၃ ခါဆေးရမည်။

၂) အာခေါင်ဆိုသည်အထိ ၃ ခါ နှုတ်ကျင်းရမည်။ ( ရိုဇာနှင့်ဆိုလျှင် အာခေါင်ဆိုရန်မလိုပါ)

၃) ၃ ခါနှာခေါင်းဆေးရမည်။

၎) ၃ ခါ မျက်နှာသစ်ရမည်။ (နဖူးဆံစမှ အောက်မေးစိအထိ၊ တစ်ဖက်နားရင်းမှ နောက်နားရင်းတစ်ဖက်အထိ)

၅) လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ ၃ ခါဆေးရမည်။

၆) မဆာဟ် တစ်ခါလုပ်ရမည်။

၇) ခြေထောက်ကို ခြေမျက်စိအထိ ၃ ခါဆေးရမည်။

မှတ်ချက်။ ။ အချက်တိုင်းကို ညာဖက်မှစလုပ်ပြီး အစိတ်အပိုင်းတစ်ခုမခြောက်မီ နောက်တစ်ခု ဆက်တိုက် ဆေးကြောရမည်။

ဝူဇူ၏ ဖရ်ဇ် အချက်များ

၁) မျက်နှာသစ်ခြင်း နဖူးဆံစမှ အောက်မေးစိအထိ၊ တစ်ဖက်နားရင်းမှ နောက်နားရင်းတစ်ဖက်အထိ)

၂) လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ ၃ ခါဆေးကြောခြင်း

၃) ဦးခေါင်း၏ လေးပုံတစ်ပုံထက်မနည်း မဆာဟ် ပွတ်သပ်ငြခ်း

၎) ခြေနှစ်ဖက်ကို ခြေမျက်စိပါအောင် ဆေးကြောခြင်း

ဝူဇူ၏ မက်ရူးဟ် အချက်များ

၁) မသန့်ပြန့်သော နေရာတွင်ထိုင်၍ ဝူဇူလုပ်ခြင်း

၂) ရေကိုလိုသည်ထက်ပိုသုံးခြင်း

၃) ရေကိုလိုသည်ထက် လျှော့သုံးခြင်း

၎) မျက်နှာကိုရေဖြင့် ပက်ရိုက်ဆေးခြင်း

၅) ယာလက်ဖြင့် နှာခေါင်းကိုဆေးကြောခြင်း

၆) ဝူဇူပြုနေစဉ် လောကီစကားပြောခြင်း

၇) စွန္နသ်နည်းလမ်းများနှင့်ဆန့်ကျင်လျက် ဝူဇူပြုခြင်း

ဝူဇူပျက်စေသော အချက် (၈) ချက်

၁) ကျင်ကြီး ကျင်ငယ် စွန့်ခြင်း (သို့) ဒွါရမှ တစ်စုံတစ်ရာထွက်ခြင်း

၂) လေလည်ခြင်း

၃) ခန္ဓာကိုယ်မှ သွေး၊ ပြည် စသည်တို့ စီးတွေခြင်း

၎) ခံတွင်းအပြည့်အန်ခြင်း

၅) မှီလျက်ဖြစ်စေ၊ လဲလျောင်းလျက်ဖြစ်စေ အိပ်ပျော်သွားခြင်း

၆) အကြောင်းတစ်ခုခုကြောင့် မူး၍သတိလစ်သွားခြင်း

၇) ရူးသွပ်သွားခြင်း

၈) နမာဇ်ဝတ်ပြုနေစဉ် အသံထွက်ရယ်မောခြင်း



ဂူဆွလ် လုပ်ရန် တာဝန်ကျသော အချက်များ

၁) ဟိုင်သွ် ။ ။ မိန်းမများ ရာသီလာတဲ့အခါရေချိုးရန်

၂) နိဖွာစ် ။ ။ မိန်းမများ ကလေးမီးဖွားပြီး ရက် (၄၀) ပြည့်လျှင် ရေချိုးရန်။

၃) ဂျနာဘတ် ။ ။ အိမ်ထောင်ရှင် ယောက်ျားများ နှင့် မိန်းမများ ရေချိုးရန်။

၎) အိဟ်တိလာမ် ။ ။ မကောင်းသော အိပ်မက်များ မြင်တွေ့သောအခါ ရေချိုးရန်။

ဂူဆွလ် ခေါ် ရေချိုးနည်း

ပထမဦးစွာ ရေကိုစင်ကြယ်အောင် ချိုးပြီးလျှင် ဝူဇူပြုလုပ်ရမည်။ ဝူဇူလုပ်သည့်အခါ ပါးလုပ်ကောင်းစွာကျင်းရမည်။ နှာခေါင်းကို စင်ကြယ်စွာဆေးရမည်။ ပြီးလျှင် ဂူဆွလ် စာပိုဒ်ကိုဆိုပြီးလျှင် ဦးခေါင်းပေါ်မှစ၍ ရေကို တစ်ကိုယ်လုံးစိုစွတ်အောင် ၃ ခါလောင်းရမည်။ ညာဖက်ပခုံးပေါ်မှအောက်အထိ ၃ ခါ စာဆို၍ လောင်းရမည်။ ဘယ်ဘက်ပခုံးပေါ်မှ ၃ ခါစာဆို၍ လောင်းရမည်။ အားလုံးပေါင်း ၉ ခါ ဖြစ်ရမည်။

မှတ်ချက်။ ။ ဂူဆွလ်ပြုလုပ်ထားသော ဝူဇူ ဖြင့် နမာဇ် နှင့် ကုရ်အာန် ဖတ်၍ မပိုင်။ ဝူဇူအသစ်ပြန်လုပ်ရမည်။

ဂူဆွလ် နီယတ်

နဝိုင်းတူအန် အဂ်တဆိလူ ဂွစ်လလ် ဟိုင်သွိ လိရဖ်အိလ် ဟဒသီ ဝအိစ် တိဟာ ဟတိဆွ် ဆွလားတ်။

နဝိုင်းတူအန် အဂ်တဆိလူ ဂွစ်လလ် နိဖားစ် လိရဖ်အိလ် ဟဒသီ ဝအိစ် တိဟာ ဟတိဆွ် ဆွလားတ်။

နဝိုင်းတူအန် အဂ်တဆိလူ ဂွစ်လလ် ဂျနားဗတိလ် ရဖ်အိလ် ဟဒသိ စအစ်တိတား ဟတိဆွ် ဆွလားတ်။

နဝိုင်းတူအန် အဂ်တဆိလူ ဂွစ်လလ် အိတ်တိလားမိလ် ရဖ်အိလ် ဟဒသိ ဝအိစ် တိဘာဟတိစ် ဆွလားတ်။

သယမ်မွန်မ်

သယမ်မွန်မ်ဆိုသည်မှာ တရားတော်အရ အကြောင်းတစ်စုံတစ်ရာကြောင့် ရေကိုအသုံးမပြုနိုင်သော အချိန်မျိုးတွင် ဝူဇူ၏အစားဖြစ်စေ၊ ဂူဆွလ်၏အစားဖြစ်စေ၊ မြေ သို့ မြေနှင့် တူသော အမျိုးအစား အရာဝတ္ထုများဖြင့် ကိုယ်ခန္ဓာကို သန့်ပြန့်စေရန် ပွတ်သပ်ခြင်းဖြစ်သည်။

သယမ်မွန်မ် ပြုခွင့်ရှိသော အခြေအနေ

၁) ရေမရရှိနိုင်ခြင်း

၂) ရေကိုရနိုင်သော်လည်း ရေကိုအသုံးပြုလိုက်ပါက ရောဂါဝေဒနာဆိုးဝါးလာမည်ကို စိုးရိမ်ရခြင်း

၃) ရေကိုတွေ့မြင်ရသော်လည်း ခပ်ယူသုံးစွဲရန် နည်းလမ်းတစ်စုံတစ်ရာမရှိခြင်း

၎) ရေရနိုင်သော နေရာသို့သွားမည်ဆိုပါကလည်း ဘေးအန္တရာယ်တစ်စုံတစ်ရာကို စိုးရိမ်ရခြင်း

၅) တစ်မိုင်အတွင်း ရေမရရှိနိုင်ခြင်း ( အသွား+အပြန်= နှစ်မိုင်)

သယမ်မွန်မ်ပြုလုပ်နည်း

ပထမဦးစွာ အတယမ္မမု လိရဖ်အစ်လ် ဟဒဆ် (မသန့်လွင့်ပျောက်၍ သန့်ပြန့်စေကြောင်းရည်စူးပါ၏) ဟုရွတ်ဆိုပြီး သန့်ပြန့်သောမြေ (သို့) မြေနှင့်တူသော အမျိုးအစား အရာဝတ္ထုပေါ်တွင် လက်ဝါးနှစ်ဖက်ကို ရိုက်ပုတ်၍ အနည်းငယ်ခါပြီးလျှင် မျက်နှာအနှံ့အပြားကို နေရာမကျန်အောင် ပွတ်သပ်ရမည်။ ဒုတိယအကြိမ်မြေကိုပုတ်၍ ဝဲလက်ဖဝါးဖြင့် ညာလက်ကိုတံတောင်ဆစ်ပါ အနှံ့အပြားပွတ်သပ်ရမည်။ ၎င်းနောက် ယာလက်ဖဝါးဖြင့် ဝဲဖက်ကိုလည်း အလားတူပွတ်သပ်ရမည်။ လက်ချောင်းကလေးများအကြားကိုပါပွတ်သပ်ရမည်။ လက်နှစ်ဖက်ကို မစဟ်ပြု ပွတ်သပ်ရာ၌အကောင်းဆုံးနည်းမှာ ဝဲလက်၏ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်းနှင့် လက်ဖဝါးတစ်ပိုင်းဖြင့် ယာလက်၏အပြင်ပိုင်းကို လက်ချောင်းများ၏ အဖျားမှ တံတောင်ဆစ်အထိပွတ်သပ်ရမည်။ ထို့နောက် လက်မ၊ လက်ညှိုးနှင့် လက်ဖဝါးဖြင့် လက်ယာလက်၏အတွင်းကို တံတောင်ဆစ်မှ လက်ဖျားအထိ ပွတ်သပ်ရမည်။ ထိုနည်းတူစွာ ယာလက်ဖြင့် ဝဲလက်ကို ပွတ်သပ်ရမည်။
သယမ်မွန်မ်တွင်ရှိသော ဖရ်ဇ်အချက်များ
၁) သန့်ပြန့်ရန် နီယတ်ပြုခြင်း
၂) မျက်နှာတစ်ခုလုံးကို လက်ဝါးနှစ်ဖက်ဖြင့် အနှံ့အပြားပွတ်သပ်ခြင်း
၃) လက်နှစ်ဖက်ကို တံတောင်ဆစ်ပါ နှံ့စပ်အောင်ပွတ်သပ်ခြင်း
မှတ်ချက်။ ။ ဝူဇူအစား သယမ်မွန်မ် ပြုလျှင် "ကျွန်တော်မျိုးသည် ဆွလာသ်ဝတ်ပြုရန် သန့်ပြန့်မှုအတွက် ဝူဇူအစား သယမ်မွန်မ်ပြုသည်" ဟု နီယတ်လုပ်၍ ဂူဆွလ် အတွက်ဆိုလျှင် "ကျွန်တော်မျိုးသည် ကိုယ်ခန္ဓာသန့်ပြန့်စေရန် ဂူဆွလ်အစား သယမ်မွန်မ်ပြုသည်" ဟု နီယတ်လုပ်ပါ။
သယမ်မွန်မ် ပျက်သွားစေသောအချက်များ
ဝူဇူပျက်စေသောအချက်များအပြင် ရေရနိုင်သော အကြောင်းပေါ်ပေါက်လာသောအခါ သို့မဟုတ် ရေကိုသုံးနိုင်သောအခါတွင်လည်း သယမ်မွန်မ် ပျက်သွားလေသည်။

* ကိုးကား-- အစ္စလာမ်ဘာသာရေးသင်ခန်းစာ နှင့် အစ္စလာမ့်ပညာအခြေပြ တတိယအဆင့် *