ကိယာမတ်နေ့တွင် ပထမဦးဆုံး နမာဇ် နှင့်ပတ်သက်၍ စစ်ဆေးခြင်းခံရလိမ့်မည်။ နမာဇ် မှန်ကန်လျှင် အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး နမာဇ် မမှန်ကန်လျှင် အခိရတ်၏ စည်းစိမ်တော်များမှ လက်မဲ့ဖြစ်ပြီး ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရလိမ့်မည်။

Thursday, March 19, 2009

အီမာန် ယုံကြည်မှု

သန့် ပြန့် စင်ကြယ်တဲ့ နေရာတိုင်းမှာ အလ္လာဟ် အရှင်မြတ် ရှိနေတော် မူပါတယ်။ အလ္လာဟ်အရှင်မြတ်ကို လောက မျက်စိဖြင့် မမြင်တွေ့ နိုင်ပါ။ နောင် (အာခိရသ်) တမလွန်တွင် မြင်တွေ့ နိုင်ပါတယ်။

အလ္လာအရှင်မြတ်ကို (အီမာန်) ယုံကြည်ပြီးနောက် အခြား ယုံကြည်ရမည့် အချက်အချို့  ရှိပါတယ်။

  • ဂျန္နသ် (သုခဘုံ) နှင့် ဂျဟန္နမ် (ငရဲဘုံ)၊ ပုလ်စွေရောက် (တံတား)၊ ကဗရ် (သင်္ချိုင်း) အတွင်း အစစ် ခံရခြင်း၊ ဟလာလ်၊ ဟရာမ် (ပညတ်ချက်များ)၊ ကုသိုလ်၊ အကုသိုလ် တို့ ကို မီဇာန် (ချိန်ခွင်) တွင် ချိန်တွယ်ခြင်း စသည် တို့ ကို ယုံကြည်ရခြင်း ဖြစ်ပါတယ်။
အထက်ပါ အီမာန် ခုနစ်ချက်မှ တစ်ချက်ချက်တို့ ကို မယုံကြည်သူဟာ မွတ်စလင်မ် ဘယ်နည်းနဲ့ မျှ မဖြစ်နိုင်ပါဘူး။ ထို့ အပြင် အီမာန် ယုံကြည်မှု ပျက်စေတဲ့ အရာအချို့ ရှိပါသေးတယ်။

  • (ကုဖ်ရ်) အလ္လာဟ် အရှင်မြတ်နှင့် ရစူလ်သခင် တို့ ကို ငြင်းပယ်ခြင်း၊
  • (ရှိရစ်က်) အလ္လာဟ်အရှင်မြတ်နှင့် ဂုဏ်ရည်တူ ထားပြီး လူသားများနဲ့  အခြားအရာများကို ယှဉ်တွဲ ယုံကြည်ခြင်း တို့ ပဲ ဖြစ်ပါတယ်။
ဗေဒင် လက္ခဏာလည်း လုံးဝ မကြည့်ထိုက်ပါ။ ကြည့်လျှင် အပြစ်ကြီးသည်။ ယုံကြည်လျှင် အီမာန် ပျက်သွား စေပါသည်။

အလ္လာဟ်အရှင်မြတ်၏ (စွိဖွာတ်) ဂုဏ်တော် အမည် အချို့ 

  • အပြစ် (ဂို့ နာ) များ ချွတ်ကယ်တော် မူတဲ့ အရှင်၊
  • အမြဲ ရှင်နေတော် မူတဲ့ အရှင်၊
  • အကောင်း အဆိုး နှစ်မျိုးလုံးကို ဖန်ဆင်းတော် မူတဲ့ အရှင်၊
  • ငြိမ်းချမ်းမှုကို ပေးသနားတော် မူတဲ့ အရှင်၊
  • ဘေးရန်များ ကင်းရှင်းစေတော် မူတဲ့ အရှင်၊
  • တောင်းဆု (ဒိုအာ) များကို လက်ခံတော်မူတဲ့ အရှင်၊
  • မြင့်မြတ်မှု အပေါင်းနဲ့  ပြည့်စုံတော် မူသော အရှင်၊
  • တစ်ပါးတည်း တည်နေတော်မူတဲ့ အရှင်၊
  • ကြောင့်ကြမှု အပေါင်းမှ ကင်းစင်တော် မူတဲ့ အရှင်၊
  • အမှားဝန်ခံသူများကို ခွင့်လွှတ်တော် မူတဲ့ အရှင်၊
  • သိမ်မွေ့ တော် မူတဲ့ အရှင်၊
  • ရက်ရောစွာ ပေးသနားတော် မူတဲ့ အရှင်၊
  • နှိမ်နှင်း လွှမ်းမိုးတော် မူတဲ့ အရှင်၊
  • မှီခို အားထားခြင်း ခံထိုက်တော်မူတဲ့ အရှင်၊
  • ချစ်ခင် မြတ်နိုးတော် မူတဲ့ အရှင်။
အလ္လာဟ်အရှင်မြတ်၏ ခမ်းနား ကြီးကျယ် မြင့်မြတ်မှုကား တုနှိုင်းဖွယ် မရှိပြီ။

Wednesday, March 18, 2009

မွတ်စလင်မ့် ယဉ်ကျေးမှု

စလ္လာမ် နှုတ်ခွန်းဆက်ရာတွင် လိုက်နာရမည့် အချက်များ

  • လူနည်းစုက လူအများစုကို စတင် စလ္လာမ် ပေးရပါတယ်
  • အစီးအနင်း မပါသူကို အစီးအနင်းပေါ်တွင် ရှိနေသူက စတင် စလ္လာမ် ပေးရပါတယ်။
  • အသင့်ရှိနေသူကို ရောက်လာသူက စတင် စလ္လာမ် ပေးရပါတယ်။
  • ထိုင်နေသူကို လျှောက်လာသူက စတင် စလ္လာမ် ပေးရပါတယ်။
  • စလ္လာမ် အပေးအယူ ပြုလုပ်ရာတွင် လူနည်းစုမှ တစ်ယောက်ယောက်က စလ္လာမ် ပေးလိုက်လျှင် စလ္လာမ် အပေးခံရတဲ့ လူအများစုမှ တစ်ဦးဦးက စလ္လာမ် ပြန် လိုက်ပါက အားလုံးအတွက် တာဝန် ကျေပါတယ်။
  • စလ္လာမ် ပေးရာတွင် သိသူကို ဖြစ်စေ၊ မသိသူကို ဖြစ်စေ မိမိက စတင် စလ္လာမ် ပေးရပါတယ်။
  • ကြီးသူအား ငယ်သူက စတင် စလ္လာမ် ပေးရပါတယ်။

စလ္လာမ် ပေးရာတွင် ရှောင်ကြဉ်ရမည့် အချက်များ

  • ကုရ်အာန် ဖတ်နေစဉ်၊ ဝူဒူ ပြုနေစဉ်၊ ဂုစွလ် (ရေချိုး) နေစဉ်၊ ကျင်ကြီး ကျင်ငယ် စွန့် နေစဉ်၊ အစားအသောက် စားသောက်နေစဉ်၊ အသာန်၊ အေ့ကာမသ် ဆိုနေစဉ် စလ္လာမ်ပေးခြင်း၊ စလ္လာမ် ပြန်ခြင်း မပြုလုပ်ရပါ။
အစ္စလာမ့် ပညာ အခြေပြ စာအုပ်မှ ကောက်နှုတ်ပါသည်။