စလ္လာမ် နှုတ်ခွန်းဆက်ရာတွင် လိုက်နာရမည့် အချက်များ
- လူနည်းစုက လူအများစုကို စတင် စလ္လာမ် ပေးရပါတယ်
- အစီးအနင်း မပါသူကို အစီးအနင်းပေါ်တွင် ရှိနေသူက စတင် စလ္လာမ် ပေးရပါတယ်။
- အသင့်ရှိနေသူကို ရောက်လာသူက စတင် စလ္လာမ် ပေးရပါတယ်။
- ထိုင်နေသူကို လျှောက်လာသူက စတင် စလ္လာမ် ပေးရပါတယ်။
- စလ္လာမ် အပေးအယူ ပြုလုပ်ရာတွင် လူနည်းစုမှ တစ်ယောက်ယောက်က စလ္လာမ် ပေးလိုက်လျှင် စလ္လာမ် အပေးခံရတဲ့ လူအများစုမှ တစ်ဦးဦးက စလ္လာမ် ပြန် လိုက်ပါက အားလုံးအတွက် တာဝန် ကျေပါတယ်။
- စလ္လာမ် ပေးရာတွင် သိသူကို ဖြစ်စေ၊ မသိသူကို ဖြစ်စေ မိမိက စတင် စလ္လာမ် ပေးရပါတယ်။
- ကြီးသူအား ငယ်သူက စတင် စလ္လာမ် ပေးရပါတယ်။
စလ္လာမ် ပေးရာတွင် ရှောင်ကြဉ်ရမည့် အချက်များ
- ကုရ်အာန် ဖတ်နေစဉ်၊ ဝူဒူ ပြုနေစဉ်၊ ဂုစွလ် (ရေချိုး) နေစဉ်၊ ကျင်ကြီး ကျင်ငယ် စွန့် နေစဉ်၊ အစားအသောက် စားသောက်နေစဉ်၊ အသာန်၊ အေ့ကာမသ် ဆိုနေစဉ် စလ္လာမ်ပေးခြင်း၊ စလ္လာမ် ပြန်ခြင်း မပြုလုပ်ရပါ။
3 comments:
Salam !
w/salam
ကျေးဇူးတင်ပါသည်။
ဒီးထက်ပိုပြည့်စုံအောင် တင်ထားစေချင်ပါသည်။
အပြစ်ဖြစ်စေတဲ့ အရာများ နဲ့ အလုပ်အကိုင်များကို
လဲဖေါ်ပြပေးစေချင်ပါသည်။
yarzar
yarzar.kuku@gmail.com
Post a Comment