ကိယာမတ်နေ့တွင် ပထမဦးဆုံး နမာဇ် နှင့်ပတ်သက်၍ စစ်ဆေးခြင်းခံရလိမ့်မည်။ နမာဇ် မှန်ကန်လျှင် အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး နမာဇ် မမှန်ကန်လျှင် အခိရတ်၏ စည်းစိမ်တော်များမှ လက်မဲ့ဖြစ်ပြီး ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရလိမ့်မည်။

Wednesday, March 18, 2009

မွတ်စလင်မ့် ယဉ်ကျေးမှု

စလ္လာမ် နှုတ်ခွန်းဆက်ရာတွင် လိုက်နာရမည့် အချက်များ

  • လူနည်းစုက လူအများစုကို စတင် စလ္လာမ် ပေးရပါတယ်
  • အစီးအနင်း မပါသူကို အစီးအနင်းပေါ်တွင် ရှိနေသူက စတင် စလ္လာမ် ပေးရပါတယ်။
  • အသင့်ရှိနေသူကို ရောက်လာသူက စတင် စလ္လာမ် ပေးရပါတယ်။
  • ထိုင်နေသူကို လျှောက်လာသူက စတင် စလ္လာမ် ပေးရပါတယ်။
  • စလ္လာမ် အပေးအယူ ပြုလုပ်ရာတွင် လူနည်းစုမှ တစ်ယောက်ယောက်က စလ္လာမ် ပေးလိုက်လျှင် စလ္လာမ် အပေးခံရတဲ့ လူအများစုမှ တစ်ဦးဦးက စလ္လာမ် ပြန် လိုက်ပါက အားလုံးအတွက် တာဝန် ကျေပါတယ်။
  • စလ္လာမ် ပေးရာတွင် သိသူကို ဖြစ်စေ၊ မသိသူကို ဖြစ်စေ မိမိက စတင် စလ္လာမ် ပေးရပါတယ်။
  • ကြီးသူအား ငယ်သူက စတင် စလ္လာမ် ပေးရပါတယ်။

စလ္လာမ် ပေးရာတွင် ရှောင်ကြဉ်ရမည့် အချက်များ

  • ကုရ်အာန် ဖတ်နေစဉ်၊ ဝူဒူ ပြုနေစဉ်၊ ဂုစွလ် (ရေချိုး) နေစဉ်၊ ကျင်ကြီး ကျင်ငယ် စွန့် နေစဉ်၊ အစားအသောက် စားသောက်နေစဉ်၊ အသာန်၊ အေ့ကာမသ် ဆိုနေစဉ် စလ္လာမ်ပေးခြင်း၊ စလ္လာမ် ပြန်ခြင်း မပြုလုပ်ရပါ။
အစ္စလာမ့် ပညာ အခြေပြ စာအုပ်မှ ကောက်နှုတ်ပါသည်။

3 comments:

Anonymous said...

Salam !

Anonymous said...

w/salam

yarzar.kuku said...

ကျေးဇူးတင်ပါသည်။
ဒီးထက်ပိုပြည့်စုံအောင် တင်ထားစေချင်ပါသည်။
အပြစ်ဖြစ်စေတဲ့ အရာများ နဲ့ အလုပ်အကိုင်များကို
လဲဖေါ်ပြပေးစေချင်ပါသည်။
yarzar

yarzar.kuku@gmail.com