သန့် ပြန့် စင်ကြယ်တဲ့ နေရာတိုင်းမှာ အလ္လာဟ် အရှင်မြတ် ရှိနေတော် မူပါတယ်။ အလ္လာဟ်အရှင်မြတ်ကို လောက မျက်စိဖြင့် မမြင်တွေ့ နိုင်ပါ။ နောင် (အာခိရသ်) တမလွန်တွင် မြင်တွေ့ နိုင်ပါတယ်။
အလ္လာအရှင်မြတ်ကို (အီမာန်) ယုံကြည်ပြီးနောက် အခြား ယုံကြည်ရမည့် အချက်အချို့  ရှိပါတယ်။
- ဂျန္နသ် (သုခဘုံ) နှင့် ဂျဟန္နမ် (ငရဲဘုံ)၊ ပုလ်စွေရောက် (တံတား)၊ ကဗရ် (သင်္ချိုင်း) အတွင်း အစစ် ခံရခြင်း၊ ဟလာလ်၊ ဟရာမ် (ပညတ်ချက်များ)၊ ကုသိုလ်၊ အကုသိုလ် တို့ ကို မီဇာန် (ချိန်ခွင်) တွင် ချိန်တွယ်ခြင်း စသည် တို့ ကို ယုံကြည်ရခြင်း ဖြစ်ပါတယ်။
- (ကုဖ်ရ်) အလ္လာဟ် အရှင်မြတ်နှင့် ရစူလ်သခင် တို့ ကို ငြင်းပယ်ခြင်း၊
- (ရှိရစ်က်) အလ္လာဟ်အရှင်မြတ်နှင့် ဂုဏ်ရည်တူ ထားပြီး လူသားများနဲ့  အခြားအရာများကို ယှဉ်တွဲ ယုံကြည်ခြင်း တို့ ပဲ ဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်၏ (စွိဖွာတ်) ဂုဏ်တော် အမည် အချို့ 
- အပြစ် (ဂို့ နာ) များ ချွတ်ကယ်တော် မူတဲ့ အရှင်၊
- အမြဲ ရှင်နေတော် မူတဲ့ အရှင်၊
- အကောင်း အဆိုး နှစ်မျိုးလုံးကို ဖန်ဆင်းတော် မူတဲ့ အရှင်၊
- ငြိမ်းချမ်းမှုကို ပေးသနားတော် မူတဲ့ အရှင်၊
- ဘေးရန်များ ကင်းရှင်းစေတော် မူတဲ့ အရှင်၊
- တောင်းဆု (ဒိုအာ) များကို လက်ခံတော်မူတဲ့ အရှင်၊
- မြင့်မြတ်မှု အပေါင်းနဲ့  ပြည့်စုံတော် မူသော အရှင်၊
- တစ်ပါးတည်း တည်နေတော်မူတဲ့ အရှင်၊
- ကြောင့်ကြမှု အပေါင်းမှ ကင်းစင်တော် မူတဲ့ အရှင်၊
- အမှားဝန်ခံသူများကို ခွင့်လွှတ်တော် မူတဲ့ အရှင်၊
- သိမ်မွေ့ တော် မူတဲ့ အရှင်၊
- ရက်ရောစွာ ပေးသနားတော် မူတဲ့ အရှင်၊
- နှိမ်နှင်း လွှမ်းမိုးတော် မူတဲ့ အရှင်၊
- မှီခို အားထားခြင်း ခံထိုက်တော်မူတဲ့ အရှင်၊
- ချစ်ခင် မြတ်နိုးတော် မူတဲ့ အရှင်။
အလ္လာဟ်အရှင်မြတ်၏ ခမ်းနား ကြီးကျယ် မြင့်မြတ်မှုကား တုနှိုင်းဖွယ် မရှိပြီ။