ကိယာမတ်နေ့တွင် ပထမဦးဆုံး နမာဇ် နှင့်ပတ်သက်၍ စစ်ဆေးခြင်းခံရလိမ့်မည်။ နမာဇ် မှန်ကန်လျှင် အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး နမာဇ် မမှန်ကန်လျှင် အခိရတ်၏ စည်းစိမ်တော်များမှ လက်မဲ့ဖြစ်ပြီး ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရလိမ့်မည်။

Friday, September 26, 2008

ဆလာသွတ်လ်သတ်စ်ဗီဟ်နမာဇ်

ဆလာသွတ်လ်သတ်စ်ဗီဟ် နမာဇ် ဆိုတာ …

တစ်ခါသော် နဗီတမန်တော်မြတ်သည် မိမိဘထွေးတော် အဗ္ဗာစ်သခင်အားမိန့်ကြားတော်မူခဲ့သည်မှာ- အို… အဗ္ဗာစ်၊ အို… ကျွန်ုပ်၏ဘထွေး၊ ကျွန်ုပ်အသင့်အား လက်ဆောင်တစ်ခုပေးရမည်လော၊ ဆုတစ်ခုချီးမြင့်ရမည်လော၊ ဝတ္ထုပစ္စည်းတစ်ခုကို ညွှန်ပြရမည်လော၊ ဝတ္ထုပစ္စည်းဆယ်ခုကို ပိုင်ဆိုင်ရစေမည်လော။ အသင်သည်ယင်းကိစ္စကိုဆောင်ရွက်သောအခါ အလ္လာဟ်အရှင်မြတ်သည် အသင်၏အလုံးစုံသော ပြစ်မှုတို့ကို အတိတ်မှလည်းကောင်း၊ အနာဂတ်မှလည်းကောင်း၊ အသစ်များကိုလည်းကောင်း၊ အဟောင်းများကိုလည်းကောင်း၊ မှားယွင်း၍ကျူးလွန်ခဲသည်များကိုလည်းကောင်း၊ သိလျက်နှင့်ကျူးလွန်ခဲ့သည်များကိုလည်းကောင်း၊ သေးငယ်သည်များကိုလည်းကောင်း၊ ကြီးလေးသည်များကိုလည်းကောင်း၊ လျှို့ဝှက်စွာကျူးလွန်ခဲ့သည်များကိုလည်းကောင်း၊ ပွင့်လင်းစွာကျူးလွန်ခဲ့သည်များကိုလည်းကောင်း ခပ်သိမ်းတို့ကိုခွင့်လွှတ်တော်မူပေမည်။ ယင်းအလုပ်ကိစ္စမှာ နဖိလ် နမာဇ်လေးရကသ် (ဆလာသွတ်လ်သတ်စ်ဗီဟ်ကိုရည်စူး၍) ဖတ်ခြင်းပင်ဖြစ်သည်။

ဆလာသွတ်လ်သတ်စ်ဗီဟ် နမာဇ်ဖတ်နည်း …

    ရကအသ်တိုင်းတွင် အလ်ဟမ်ဒုနှင့်စူရဟ်ကိုဖတ်ပြီးလျှင် -

  • ရကူ မပြုမီ

اََكْبَرْ وَاللهُُ اللهُُ اِلاََّ اِلَهَ وَلاَ لهِ لوَالْحَمْدُ اللهِ سُبْحَانَ

(၁၅) ကြိမ်ဖတ်ရမည်။

  • တစ်ဖန်ရကူတွင် سُبْحَانَ رَبِّيَ الْعَظِيْمْ
    ဆိုပြီးနောက် (၁၀) ကြိမ်၊
  • ရကူမှပြန်ရပ်သောအခါ (၁၀) ကြိမ်၊
  • စဂ်ျဒဟ်၌ سُبْحَانَ رَبِّيَ الاَعْليَ
    ဆိုပြီးနောက် (၁၀)ကြိမ်၊
  • စဂ်ျဒဟ်မှထသောအခါ (၁၀) ကြိမ်၊
  • ဒုတိယစဂ်ျဒဟ်တွင် (၁၀) ကြိမ်၊
  • ဒုတိယစဂ်ျဒဟ်မှထသောအခါ (ဒုတိယရကအသ်ဆက်ဖတ်ရန်) မရပ်မီ ထိုင်၍ (၁၀) ကြိမ်ဖတ်ပြီးနော် "အလ္လာဟုအက်ကဘရ်" မဆိုပဲ ရပ်လိုက်ရမည်။


     

    ဤသည်အားလုံးပေါင်း (၇၅) ကြိမ်ဖြစ်၏။ ဤနည်းအတိုင်းပင် ရကသ်တိုင်းတွင် (၇၅) ကြိမ်ဖတ်ရမည်။

ဆလာသွတ်လ်သတ်စ်ဗီဟ် နမာဇ် ဖတ်ရမည့်အချိန် …

        ဤနမာဇ်ကိုနေ့စဉ်တစ်ကြိမ်ဖတ်လော့။ သို့မဟုတ်သောကြာတစ်ပတ်လျှင်တစ်ကြိမ်ဖတ်လော့။ မတတ်နိုင်လျှင်လစဉ်တစ်ကြိမ်၊ မတတ်နိုင်လျှင်နှစ်စဉ်တစ်ကြိမ်၊ ဤသည်ကိုပင်မတတ်နိုင်လျှင် မိမိသက်တမ်း၌ တစ်ကြိမ်ဖတ်ဖြစ်အောင်ဖတ်လော့ဟု နဗီတမန်တော်မြတ်က မိန့်ကြားတော်မူခဲ့၏။

ဆလာသွတ်လ်သတ်စ်ဗီဟ် နမာဇ် ၏ပညတ်ချက်များ …

၁) . ဆလာသွတ်လ်သတ်စ်ဗီဟ်တွင် ကုရ်အာန်ကျမ်းမြတ်၏ မည်သည့်စူရဟ်ကို ဖတ်ရမည်ဟုသတ်မှတ်ထားခြင်းမရှိပေ။ အလိုရှိသော စူရဟ်ကိုဖတ်နိုင်သည်။ အချို့အာလင်မ်များက စူရဟ်ဟဒီးဒ်၊ စူရဟ်ဟရှိရ်စူရဟ်ဆဖ်၊ စူရဟ်ဂျူမုအဟ် နှင့် စူရဟ်သဂါဗွန်တို့အနက် ၄-စူရဟ်ကိုဖတ်ရန် ရေးသားကြလေသည်။ အချို့ဟဒီးစ်တော်များတွင် အာယသ် နှစ်ဆယ်မျှဖတ်ရမည်ဟုလာရှိသည်။

၂). ဤသတ်စီဗီဟ်များကို နှုတ်ဖြင့်ရေတွက်ခြင်းမပြုရ။ ရေတွက်လျှင်နမာဇ်ပျက်သွားပေမည်။ လက်ချောင်းများချိုး၍ ရေတွင်ခြင်း၊ သတ်စ်ဗီဟ်ကို လက်ဝယ်ထား၍ရေတွက်ခြင်းပြုနိုင်သော်လည်း မက္ကရုဟ် ဖြစ်၏။ လက်ချောင်းများကို နေရာတွင်ရှိမြဲရှိစေ၍ သတ်စ်ဗီဟ်ဖတ်တိုင်းဖတ်တိုင်း လက်ချောင်းတစ်ချောင်းစီကို ထိုနေရာမှာပင် ဖိသွားလျှင်ကောင်း၏။

၃). တစ်နေရာတွင် သတ်စ်ဗီဟ် ဖတ်ရန်မေ့သွားလျှင် နောက်တစ်နေရာတွင် ထိုသတ်စီဗီဟ်ကို ပြန်ဖြည့်ရပေမည်။ သို့ရာတွင်မေ့လျော့၍ကျန်ရစ်သော သတ်စ်ဗီဟ်ကို ရကူမှထသည့်အချိန်ဖြစ်စေ၊ စဂ်ျဒဟ်နှစ်ခုအကြားတွင် ဖြစ်စေ ပြန်မဖြည့်ရချေ။ ယင်းတို့၏သတ်စ်ဗီဟ်ကိုသာ ဖတ်ရပေမည်။ ဥပမာ။ ။ ရကူတွင်မေ့လျော့၍ သတ်စ်ဗီဟ်ဖတ်ခြင်းမပြုခဲ့သော် ယင်းသတ်စ်ဗီဟ်ကို ပထမစဂ်ျဒဟ်တွင်ဖတ်လိုက်ရပေမည်။ ထိုနည်းတူစွာ ပထမစဂ်ျဒဟ်၏ သတ်စ်ဗီဟ်ကို ဒုတိယစဂ်ျဒဟ်တွင်လည်းကောင်း၊ ဒုတိယစဂ်ျဒဟ်၏ သတ်စ်ဗီဟ်ကို ရပ်သောအချိန်တွင်လည်းကောင်း ဖတ်ရမည်။ နောက်ထပ်ကျန်နေသေးလျှင် နောက်ဆုံး ကအ်ဒဟ်တွင် အတ်သဟီယာသ် မဖတ်မီ ဖတ်ရပေမည်။

၎). အကြောင်းတစ်စုံတစ်ရာကြောင့် စဂ်ျဒဟ် စဟ်ဝ်ဟူပြုရလျှင် စဂ်ျဒဟ် စဟူဝ်တွင် သတ်စ်ဗီဟ် မဖတ်ရ။ အကြောင်းသော်ကား သတ်စ်ဗီဟ်အရေအတွက် သုံးရာပြည့်သွားခြင်းကြောင့်ပင်။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် အရေအတွက်လျော့ခဲ့သော် စဂ်ျဒဟ်စဟ်ဝ်ဟူ တွင်ဖြည့်၍ဖတ်ရပေမည်။

၅). မက္ကရူးဟ် အချိန်များမှအပ ကျန်အချိန်များတွင် နေ့ဖြစ်စေ၊ ညဖြစ်စေ ဤနမာဇ်ကိုဖတ်နိုင်သည်။ သို့သော်မွန်းလွဲပြီးနောက်ဖတ်ခြင်းမှာ ပို၍မြတ်၏။ ထို့နောက်နေ့၌ မည်သည့်အချိန်မဆိုဖတ်ခြင်းသည်မြတ်၏။ ထို့နောက်ည၌ဖတ်ခြင်းသည် မြတ်၏။

0 comments: