အင်္ကျီအဝတ်အစားများ ညစ်ပတ်တဲ့အခါ ဆပ်ပြာနဲ့ လျှော်ဖွပ်ရသလို.. လူတစ်ယောက်ရဲ့ စိတ်ဓာတ်တွေ ညစ်ညမ်းလာတဲ့အခါ ( အပြစ်များနှင့်) မှာလည်း ဘာသာတရားနဲ့ သန့်စင်ပေးရပါတယ်။I love ALLAH fan page မှ Become a better Muslim project ကိုမှီးငြမ်း၍ ဘာသာပြန်ထားပါသည်။
Project Checklist : http://www.iloveallaah.com/project/bbm_checklist.pdf
လူတစ်ယောက်အတွက် လူ့ဘဝမှာ နေဖို့ သက်တမ်း ဘယ်လောက်ရှိနိုင်မလဲ။ ၂၀၊ ၄၀၊ ၆၀၊ ၈၀ …… ။ အဲလို နေထိုင်တဲ့သက်တမ်းတစ်လျှောက် ပြုလုပ်ခဲ့တဲ့ အပြစ်တွေကကော… စိတ်နဲ့ဖြစ်စေ၊ အမူအရာ အပြောအဆိုနဲ့ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ လူကွယ်ရာမှာဖြစ်စေ………. သေချာတာကတော့ ပြစ်မှုတွေဟာ သက်တမ်းနှင့်အမျှ ကြီးမားနေမှာပါပဲ။ ဒီလိုပြစ်မှုတွေ ကျူးလွန်းနေခဲ့ပေမယ့် အဲဒီအပြစ်တွေအတွက် သောင်ဗဟ် လုပ်ဖို့ကိုကော သတိထားမိခဲ့လား.။
Allaah says: "O you who believe! Turn to Allaah in sincere repentance!" [Surah At-Tahreem: 8]
တစ်စုံတစ်ရာ ကျူးလွန်းမိတဲ့အခါမှာ သောင်ဗဟ်ဖတ်ဖို့ ဝန်မလေးပါနဲ့၊ အဓိက က အချိန်မဆွဲပါနဲ့။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ ကြိုမပြောနိုင်ဘူး မဟုတ်လား။ အလ္လာဟ်အရှင်မြတ်ထံမှာ ကျူးလွန်မိခဲ့တဲ့ အပြစ်များအတွက် ယခုချက်ချင်းသာ သောင်ဗဟ်ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ .. Brothers and Sisters all over the world.