ကိယာမတ်နေ့တွင် ပထမဦးဆုံး နမာဇ် နှင့်ပတ်သက်၍ စစ်ဆေးခြင်းခံရလိမ့်မည်။ နမာဇ် မှန်ကန်လျှင် အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး နမာဇ် မမှန်ကန်လျှင် အခိရတ်၏ စည်းစိမ်တော်များမှ လက်မဲ့ဖြစ်ပြီး ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရလိမ့်မည်။

Thursday, September 13, 2007

သရာဝီ ( تراويح) ဖတ်နည်း

အားလုံးသိကြတဲ့အတိုင်း ရမ်ဇာန်လ ဟာဒီနေ့စတင်ပါပြီ။
ရမ်ဇာန်လ စပြီဆိုတာနဲ့ သရာဘီ ကိုစဖတ်ရပါပြီ။
သရာဝီ ဆိုတာ ရမ်ဇာန်လ မှာဘဲဖတ်ရတဲ့နမာဇ်၊ အလွန်မွန်မြတ်တဲ့နမာဇ်၊ ကသွာဖြည့်လို့မရတဲ့နမာဇ်ပါ။
စုစုပေါင်း က ရကသ် (၂၀) ရှိပါတယ်။ စွလသ်(၂) ရကသ် ကို(၁၀) ခေါက်ဖတ်ရတာပါ။
ဖတ်ပုံဖတ်နည်းကတော့ပုံမှန်ပါပဲ။

အိရှာမဖတ်ခင်ဖတ်ရမှာပါ။ ဝေသရ်(၃)ရကသ်မတိုင်ခင်ပေါ့

နီယသ်ကတော့ "န၀ိုင်းသိုအန်းအိုစွလ်းလိရလ်
လလ်းလားဟိသအားလ ရကအသိုင်းနီ စွလာသိလ် သရာဘ
ီ စွန်းနသ ရစူးလွလ်းလားဟိသအားလ မိသ၀သ်းဂျေဟန်း
အေလာဂျေဟသလ်း ကအာပသေလ်း ရှရီးဖတိ အလာဟိုအက်ဘလ်း
" ပါ။

ကျန်တာတွေကတော့အားလုံးအတူတူပါပဲ။ နမာဇ်ဖတ်ရတာမှတ်ရတာလွယ်ချင်ရင်တော့ " အလလ်းဟမ်းဒို" ပြီးရင်စူရဟ် (၁၀) ပုဒ်ကိုအစဉ်လိုက်ဖတ်ပါ။ ပထမရကသ်မှာ " အလမ်းသရ" ၊ ဒုတိယ ရကသ်မှာ "လိအီးလားဖိ" ၊ တတိယ ရကသ်မှာ "အရအိုလ်းသလ်း"
စသည်ဖြင့်ပေါ့။ ဆုံးသွားရင် ( ၁၁) ရကသ် ရောက်ပြီပေါ့။
အဲဒီရောက်ရင် " အလမ်းသရ" ကပြန်စပြီးအစဉ်လိုက်ပြန်ဖတ်သွားလိုက်။ စုရဟ် အားလုံး နှစ်ကျော့ပြီးသွားရင် ရကသ် (၂၀)ပြီးပြီပေါ့။

အားလုံးပဲ ရမ်ဇာန်လ မှာကျန်းကျန်းမာမာနဲ့ ရိုဇာထားနိုင်ပြီးကောင်းမှုကုသိုလ်များများလုပ်နိုင်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။


Technorati Tags: ,